နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) ဆယ်နှစ်ပြည့် အမှတ်တရ စာတိုနှင့် ဆောင်းပါးများ

ကျွန်မတို့ရဲ့ UT-YCC

ကျွန်မ ဒီကျောင်းကို မရောက်ခင် နည်းပညာတက္ကသိုလ်(သန်လျင်)မှ တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ပါတယ်။ (၁၃.၃.၂၀၁၇)မှာ ကျွန်မဆီ မျှော်လင့်မထားတဲ့ ဖုန်းဝင်လာပါတယ်။ ရာထူးတစ်ဆင့်မြှင့်အတိုးနဲ့ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)ကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရမယ်ဆိုတဲ့အကြောင်း ကြားသိလိုက်ရပါတယ်။ ဒီရာထူးအတိုးအပြောင်းမှာ ကျွန်မလိုပဲ သူငယ်ချင်းတွေအများကြီးပါကြတယ်။ ကိုယ်သဘောကျတဲ့နေရာကို ပြောင်းရမဲ့သူတွေကတော့ ဝမ်းသာပျော်ရွှင်လို့ပေါ့။ ရာထူးတိုးလို့ ဝမ်းသာပါရဲ့ ဒါပေမယ့် နယ်စွန်နယ်ဖျားက တက္ကသိုလ်တွေကို သွားရောက်တာဝန်ထမ်း ဆောင်ရမဲ့သူတွေကတော့ စိတ်တွေရှုပ်ထွေးပြီး မပျော်ရွှင်နိုင်ကြဘူးပေါ့လေ။ ကျွန်မကတော့ မိဘတွေရှိတဲ့ မြို့နဲ့မနီးမဝေး သွားရေးလာရေးလည်း see more

မယ်ပ(နည်းပညာ)

စိန်ပန်းပြာ ဒိုင်ယာရီ

ဆောင်းရာသီရဲ့ နေသာတဲ့တစ်ရက်မှာ သူမကို စတွေ့ခဲ့တယ်။ ကြားရတဲ့ သတင်းတွေအရတော့ သူမဟာ မာနကြီးတယ်၊ အထက်တန်းကျတယ်၊ တောက်ပတယ်၊ ဝင့်ဝါတယ်၊ တော်ရုံအဖက်မလုပ်တတ်ဘူးတဲ့။ ဆိုတဲ့အတိုင်းပဲ သူမ ပီသပါပေတယ်။ နေရောင်ခြည်တွေ ဖြန့်နေတဲ့ မနက်ခင်းတခုမှာ သူမကို လင်းလင်းပပ တွေ့ရတယ်။ ရောက်လာတဲ့သူမှန်သမျှတောင် သူမရဲ့အရှိန်အဝါနဲ့ တောက်ပနေသလိုပဲ။ သူမက မိခင်တစ်ယောက်ရဲ့ ရင့်ကျက်ကြင်နာမှုမျိုးနဲ့ နွေးနွေးထွေးထွေး ကြိုဆိုပေးခဲ့တယ်။ သူမအရိပ်အောက်မှာခိုရင်း.... သူမအကြောင်း ပြောရင်း .... လေးလေးမြတ်မြတ်ခံစားမိတာကတော့..... အိုဘယ့်....ချစ်ရပါသော မိခင်ကျောင်းတော်ကြီး YCC.....။
ညနေခင်းတိမ်တွေကြားက မန္တလေးကိုငေးရင်း see more

မြဝါ

အရပ်ဆယ့်ရှစ်မျက်နှာ

မန္တလေးထက်မြင့်ပြီး ပြင်ဦးလွင်ထက်နိမ့်တဲ့မြေအနေအထားမှာ YCC ဆိုတဲ့ကျောင်းတော်ကြီးရှိတယ်။ ကျောင်းရဲ့ အောက်မှာ ပြေးလွှားနေတဲ့တိမ်တွေရှိတယ်။ အချို့ကျောင်းသားတွေကတော့ လေထီးနဲ့ကျောင်းလာတယ်။ သူတို့ချိတ်ထားတဲ့ လေထီးကိုခွေးတွေဝိုင်းဆွဲပြီး ကန်တင်းသွားတဲ့လမ်းပေါ်ကချိုင့်ထဲ မြှပ်လိုက်ကြတယ်။ မှန်နဲ့ဆောက်ထားပေမယ့် အပြင်ကိုမမြင်ရတဲ့ပြတင်းပေါက်မှာ အနက်ရောင်အစင်းကြောင်းတွေထိုင်နေတယ်။ Toilet ကြီးကတော့ အပ်ကျတာကအစ အကုန်သိတယ်။ Main building မှာ ကပွဲသံတွေဆူညံလာတော့ Lab ခန်းထဲက ကွန်ပြူတာတွေ see more

မစောယုနွယ်

နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) ဆယ်နှစ်ပြည့် အမှတ်တရ video

နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) ဆယ်နှစ်ပြည့် အမှတ်တရ video

Copyright © 2017 by University of Technology (Yatanarpon Cyber City)