နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) ဆယ်နှစ်ပြည့် အမှတ်တရကဗျာ

photo - Thet Zaw Aye

လူ့ဘုံနတ်နန်း

တာဝတိံသာ နတ်ရွာလော
တူစွဟုတ္တာ။

ရှေးစာဆိုများ သက်ရှိထင်ရှား
ရှိခဲ့ပါမူ(ဆိုင်ဘာစီးတီး)
ခေါ်တွင်မည်သည်
ဒုတိယဝတိံ တိမ်ယံဖျားဝယ်
ခန့်ညားဝံ့ကြွား နန်းတော်အလား
အေးရိပ်သာယာ
ဤကျောင်းတော်အား
မည်သို့စပ်ဆိုပေမည်နည်း။

ကျွန်ုပ်ကမူ
လှပသရဖူ ဖွဲ့စပ်မကုန်
ရတနာပုံ(ဆိုင်ဘာစီးတီး)
ကျောင်းတော်ကြီးကို
ဝံ့ကြွားဂုဏ်တင်
ဆိုလိုက်ချင်သည်
လူတွေနေသောနတ်ပြည်တည်း။

                ဒေါ်ကြည်ကြည်မေ
              

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) တက္ကသိုလ် (၁ဝ)နှစ်ပြည့် အမှတ်တရ ဂုဏ်ပြုရေးဖွဲ့သည်။
အမည်ရင်း : ဒေါ်ကြည်ကြည်မေ
လက်ထောက်ကထိက၊ မြန်မာစာဌာန၊ UTYCC။

နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) ဆယ်နှစ်ပြည့် အမှတ်တရ video

နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) ဆယ်နှစ်ပြည့် အမှတ်တရ video

Copyright © 2017 by University of Technology (Yatanarpon Cyber City)