photo - Khun Naing Pyae Htun
ပန်းမြို့တော်လို့ တင်စားခေါ်ဝေါ် မန်းလေးလားရှိုး သွားရာလမ်းပေါ် တည်ရှိနေတာ YCC ကျောင်းတော်မဟာ။ မိုးသားတိမ်လိပ် စိမ်းစိုရိပ်ဝယ် တောင်တွေဝိုင်းကာ ခန့်ညားထည်ဝါ ရှုမောသာစွ YCC အလှ။ ပညာတိုက်ကျွေး ပျိုးထောင်ပေးကာ နန်းတက္ကသီလာက နိုင်ငံ့သားကောင်း ရတနာအပေါင်း မွေးထုတ်ပေးတာ YCC ပါ။ ဆယ်စုနှစ်တာ ကြာညောင်းသော်လည်း မဟောင်းနွမ်းဘဲ လွမ်းဆွတ်တမ်းတ တသသနှင့် ထာဝရမမေ့ပြီ YCC။ အကြင်နာလက် ကမ်းဆက်ပေးတာ ကရုဏာမိုး ရွာသွန်းဖြိုးကာ စေတနာလမ်း ဖြောင့်တန်းစေတာ မေတ္တာရနံ့ မွှေးပျံ့စေတာ ဆရာဆရာမများရဲ့ မုဒိတာ။ မေတ္တာရဂုံ လွှမ်းခြုံမျှထား ရောက်လာသူအား အေးမြစေသား ဒေါက်တာအောင်ဝင်းရဲ့ စွမ်းပကား။ ဒေါ်ခိုင်ခင်ထူး
နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) တက္ကသိုလ် (၁ဝ)နှစ်ပြည့် အမှတ်တရ ဂုဏ်ပြုရေးဖွဲ့သည်။
အမည်ရင်း : ဒေါ်ခိုင်ခင်ထူး
လက်ထောက်ကထိက၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်။
Copyright © 2017 by University of Technology (Yatanarpon Cyber City)