photo - Zue Theint Phoo
နေရောင်ဖြူဖြူမှာ အလံတလူလူနဲ့ ကျောင်းသားကျောင်းသူ ဆရာအဆူဆူလည်း စုံလင်ရောက်ရှိ လာကြသည်တည့်။ ရွှေရည်ဆေးတဲ့ မနက်နေနှင့် ပြေပြေသွေးတဲ့ လေပြေအေးနှင့် မြူးထူးပျံလွှာ ဌက်ကလေးများက ငွားငွားစွင့်စွင့် ဂုဏ်မာန်တင့်နေတဲ့ မဟာတက္ကသိုလ် YCCကို လှသည်ထက်တင့်အောင် ဆောင်ကူအလှဆင်နေရဲ့။ ကျောင်းသားတို့တတွေ ပီတိဝေ၍ သူ့ရင်ရိပ်အောက် ပညာဆောက်တည် ရှာခဲ့ကြသည်မှာ ဆယ်နှစ်ဆယ်မိုးပြည့်လုပြီ။ ရာသီဒဏ်ပြင်းတော့လည်း ခေါင်းမော့ရင်ကော့ချက်ပဲ မားမားမတ်မတ် တည်ကာရပ်လို့ ကျောင်းသားအဆက်ဆက်ကို ကာကွယ်ပေးတတ်ပြန်သည် အိုး…..YCC။ သက်တမ်းအဖြစ် ဤဆယ်နှစ်သည် သင့်အတွက် ဂုဏ်တက်ခဲ့သော မှတ်တိုင်တစ်ခုဖြစ်နိုင်လုပြီ။ ကိုထက်(မြစ်သား)
နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) တက္ကသိုလ် (၁ဝ)နှစ်ပြည့် အမှတ်တရ ဂုဏ်ပြုရေးဖွဲ့သည်။
အမည်ရင်း : ဒေါ်ခိုင်ခင်ထူး
လက်ထောက်ကထိက၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်။
Copyright © 2017 by University of Technology (Yatanarpon Cyber City)