photo - Su Larb Mon
သူမ ရှိတဲ့ ချယ်ရီမြေ ရင်ခုန်သံတွေ ဖလှယ်ရာ ခံစားချက်တွေ စီးမျောရာ မျှော်လင့်ချက်တွေ ရှင်သန်ရာ အမှတ်တရတွေ တူးဖော်ရာ ချစ်ခြင်းမေတ္တာတွေ ပြန့်နှံ့ရာ ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းတွေ မျှဝေခံစားရာ အိပ်မက်တွေ အသက်သွင်းရာ အဖေမတူအမေကွဲ ညီအစ်ကိုတွေရဲ့ပေါင်းဆုံရာ သံယောဇဉ်မြူခိုးတွေ ရစ်သိုင်းလွှမ်းခြုံရာ ဒါမှမဟုတ် အပျံသင်စငှက်ကလေးတွေအတွက် နွေးထွေးလုံခြုံအေးချမ်းတဲ့ ရင်ခွင်တစ်စုံလား... သေချာတာကတော့ အိမ်ဝေးတို့ရဲ့ ခေတ္တနားခိုရာ ငါတို့အတွက် ဖီလင်ပေါင်းစုံရောသမမွှေနေတဲ့ တောင်ကုန်းမို့မို့လေးပေါ်က ဒုတိယအိမ်ပေါ့... လူတွေရဲ့ မှတ်ညဏ်ဟာ ဆန်းကြယ်သတဲ့ တစ်ချို့ အရာတွေကို မေ့လွယ်ပျောက်လွယ်ဖြစ်ပေမယ့် တစ်ချို့ အရာတွေကျ အစဉ်ထာဝရ မှတ်မိနေသတဲ့... ချယ်ရီမြေက သူမ သူမ ရှိတဲ့ ချယ်ရီမြေက အမှတ်တရတွေ မှတ်ညဏ်တွေဟာလည်း ထင်းရှူးတောတွေလိုပဲ ငါတို့အပေါ် အစဉ်အုပ်မိုးလွှမ်းခြုံနေလေရဲ့။ ။ အောင်သက်ပိုင်
နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) တက္ကသိုလ် (၁ဝ)နှစ်ပြည့် အမှတ်တရ ဂုဏ်ပြုရေးဖွဲ့သည်။
Copyright © 2017 by University of Technology (Yatanarpon Cyber City)