photo - Su Larb Mon
ရပ်ဝန်းလေးတစ်ခု။ ဒီရပ်ဝန်းလေးမှာ မြူတွေကျတယ်။ ချယ်ရီတွေပျော်တယ်။ စိန်ပန်းတွေပြောတယ်။ တို့နှလုံးအိမ်ထဲ အလိုဆန္ဒတွေနည်းခဲ့ကြတယ်။ ဒီရပ်ဝန်းလေးမှာ ဆရာတွေဟာ ငါတို့မိဘဖြစ်ခဲ့တယ်။ စာတွေကူးချတယ်။ လူစုံတက်စုံ အတန်းလစ်ခဲ့ကြတယ်။ အချစ်ကိုရှာခဲ့ကြတယ်။ ဘဝဟာ ရိုးရှင်းလွန်းခဲ့တယ်။ အေးစက်စက် ဒီဇင်ဘာမှာ ဝိုင်တွေသောက်ရင်း နွေးရတယ်။ ရင်ကွဲသံစဉ် ဆိုညည်းခဲ့ကြတယ်။ ဒီရင်ခွင်ရပ်ဝန်းကနေ တစ်နေ့မှာ မဖြစ်မနေ ခွဲခွာရမယ်ဆိုတာ ငါတို့ဟာ မေ့လျော့နေခဲ့ကြတယ်။ အခုတော့ မောင်မယ်သစ်လွင်တွေနဲ့ ဒီရပ်ဝန်းလေးကို ထားခဲ့ရပြီ။ မြူတွေကိုလွမ်းတိုင်း ပြန်လာနိုင်ဖို့ကြိုးစားရင်း ဒီရပ်ဝန်းလေးနဲ့ ဝေးပြီးရင်းဝေး။ THE
နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) တက္ကသိုလ် (၁ဝ)နှစ်ပြည့် အမှတ်တရ ဂုဏ်ပြုရေးဖွဲ့သည်။
Copyright © 2017 by University of Technology (Yatanarpon Cyber City)