နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) ဆယ်နှစ်ပြည့် အမှတ်တရကဗျာများ

ရင်ထဲက တက္ကသိုလ်

လာခဲ့ဖို့ဖိတ်ခေါ်ချင် ပြင်ဦးလွင်အတက်လမ်း မောရှမ်းရဲ့နိဒါန်းကဗျာ ပြင်စာရွာဆိုင်ဘာနန်း။ လမ်းဆက်ကာ စိန်ပန်းပြာနဲ့ ချယ်ရီမှာ နေခြည်နမ်းသော် တောင်ပေါ်မှာ လေနုအေး နောင်ဆွေသဟာ ငယ်နုထွေးတို့ ကျောင်းတက်တဲ့ဤနေရာ နီဝါပြာ ပင်စိန်ပန်း။ ခရီးတွင်စရာ အနဂ္ဂပညာဆောင်ရွယ်လို့ နည်းပညာတက္ကသီလာမောင်မယ်တို့ ဝင့်ကြွားတဲ့ကျောင်းတော် ပျော်ရဲ့လားမေး။ see more

ထူးဝေယံ

လူ့ဘုံနတ်နန်း

တာဝတိံသာ နတ်ရွာလော တူစွဟုတ္တာ။ ရှေးစာဆိုများ သက်ရှိထင်ရှား ရှိခဲ့ပါမူ(ဆိုင်ဘာစီးတီး) ခေါ်တွင်မည်သည် ဒုတိယဝတိံ တိမ်ယံဖျားဝယ် ခန့်ညားဝံ့ကြွား နန်းတော်အလား အေးရိပ်သာယာ ဤကျောင်းတော်အား မည်သို့စပ်ဆိုပေမည်နည်း။ ကျွန်ုပ်ကမူ လှပသရဖူ ဖွဲ့စပ်မကုန် ရတနာပုံ(ဆိုင်ဘာစီးတီး) see more

ဒေါ်ကြည်ကြည်မေ

ရင်မှာစွဲလန်း YCC နန်း

ပန်းမြို့တော်လို့ တင်စားခေါ်ဝေါ် မန်းလေးလားရှိုး သွားရာလမ်းပေါ် တည်ရှိနေတာ YCC ကျောင်းတော်မဟာ။ မိုးသားတိမ်လိပ် စိမ်းစိုရိပ်ဝယ် တောင်တွေဝိုင်းကာ ခန့်ညားထည်ဝါ ရှုမောသာစွ YCC အလှ။ ပညာတိုက်ကျွေး ပျိုးထောင်ပေးကာ နန်းတက္ကသီလာက နိုင်ငံ့သားကောင်း ရတနာအပေါင်း မွေးထုတ်ပေးတာ YCC ပါ။ ဆယ်စုနှစ်တာ ကြာညောင်းသော်လည်း see more

ဒေါ်ခိုင်ခင်ထူး

ဆယ်နှစ်ပြည့်မှတ်တိုင်

နေရောင်ဖြူဖြူမှာ အလံတလူလူနဲ့ ကျောင်းသားကျောင်းသူ ဆရာအဆူဆူလည်း စုံလင်ရောက်ရှိ လာကြသည်တည့်။ ရွှေရည်ဆေးတဲ့ မနက်နေနှင့် ပြေပြေသွေးတဲ့ လေပြေအေးနှင့် မြူးထူးပျံလွှာ ဌက်ကလေးများက ငွားငွားစွင့်စွင့် ဂုဏ်မာန်တင့်နေတဲ့ မဟာတက္ကသိုလ် YCCကို လှသည်ထက်တင့်အောင် ဆောင်ကူအလှဆင်နေရဲ့။ ကျောင်းသားတို့တတွေ ပီတိဝေ၍ see more

ကိုထက်(မြစ်သား)

သူနဲ့မြူ

သူကဆယ်နှစ်ပြည့်တဲ့ အချိန်တွေကမြန်တယ်နော်... သူ့နားမှာ နားခိုနေကြမြူနှင်းတွေလိုပဲ အရွေ့ကမြန်တယ်...သူ့အကြောင်းတွေးရတာပျော်တယ် မြူနှင်းလေးတွေအတိုင်းပဲ သူ့ကိုကိုင်တွယ်လို့မရပေမယ့် ကိုယ့်ကို ပွေ့ဖက်နေသလိုလို ရင်ထဲခုထိအေးလို့ ခုချိန်သူကောဘာတွေတွေးနေမလဲ သေချာတာတော့အခု သူအထီးကျန်နေမယ် see more

Z.W.K

ချယ်ရီမြေက သူမ

သူမ ရှိတဲ့ ချယ်ရီမြေ ရင်ခုန်သံတွေ ဖလှယ်ရာ ခံစားချက်တွေ စီးမျောရာ မျှော်လင့်ချက်တွေ ရှင်သန်ရာ အမှတ်တရတွေ တူးဖော်ရာ ချစ်ခြင်းမေတ္တာတွေ ပြန့်နှံ့ရာ ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းတွေ မျှဝေခံစားရာ အိပ်မက်တွေ အသက်သွင်းရာ အဖေမတူအမေကွဲ ညီအစ်ကိုတွေရဲ့ပေါင်းဆုံရာ သံယောဇဉ်မြူခိုးတွေ ရစ်သိုင်းလွှမ်းခြုံရာ ဒါမှမဟုတ် အပျံသင်စငှက်ကလေးတွေအတွက် see more

အောင်သက်ပိုင်

အဝေးက ကျောင်းတော်

သူမ ရှိတဲ့ ချယ်ရီမြေ ရပ်ဝန်းလေးတစ်ခု။ ဒီရပ်ဝန်းလေးမှာ မြူတွေကျတယ်။ ချယ်ရီတွေပျော်တယ်။ စိန်ပန်းတွေပြောတယ်။ တို့နှလုံးအိမ်ထဲ အလိုဆန္ဒတွေနည်းခဲ့ကြတယ်။ ဒီရပ်ဝန်းလေးမှာ ဆရာတွေဟာ ငါတို့မိဘဖြစ်ခဲ့တယ်။ စာတွေကူးချတယ်။ လူစုံတက်စုံ အတန်းလစ်ခဲ့ကြတယ်။ အချစ်ကိုရှာခဲ့ကြတယ်။ ဘဝဟာ ရိုးရှင်းလွန်းခဲ့တယ်။ အေးစက်စက် ဒီဇင်ဘာမှာ ဝိုင်တွေသောက်ရင်း see more

THE

၁၀ နှစ်ပြည့်

2010ကတည်းက သူမဖြစ်တည်လာတာ အခုဆို ဆယ်နှစ်ပြည့်ပြီ။ ကျနော်လည်း ဆယ်တန်းအောင်ခဲ့တာ ကြာပေါ့။ 2013 December အဲ့ဒီမှာ သူမနဲ့ စတွေ့တာပါ။ ၆နှစ်ကြာ ပညာသင်ခဲ့ကြခြင်းမှာ အမှတ်တရ တစ်ချို့ ရှိခဲ့ပါသည်။ ပြန်တွေ့တဲ့အခါ သူမ ကျနော့်ကို မှတ်မိမယ် ထင်ပါသည်။ ၁၀ နှစ်ပြည့်ပွဲ မှာပါ။ ။ see more

အေဇက်အို

နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) ဆယ်နှစ်ပြည့် အမှတ်တရ video

နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) ဆယ်နှစ်ပြည့် အမှတ်တရ video

Copyright © 2017 by University of Technology (Yatanarpon Cyber City)