တတိယအကြိမ်မြောက် ကထိန်အောင်ပွဲ အခမ်းနားကျင်းပ

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)၏ တတိယအကြိမ်မြောက် ကထိန်အောင်ပွဲအခမ်းအနားကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ၁၇-၁-၂၀၁၉ ရက်နေ့ တွင် ကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ ပြင်စာရွာဦးကျောင်းတိုက်တွင် ကျင်းပခဲ့ပြီး ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များကို နာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါသည်။