မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပမည့် အစီအစဉ်


ယခုနှစ် အတွက် Fresher Welcomeကို မကြာမီ ကျင်းပတော့မည် ဖြစ်ပါသည်။ ယခင်ကြေညာထားသော ရက်ထက် တစ်ရက်စောပြီး ကျင်းပဖြစ်သွားမှာပါသည်။
အားလုံး စောင့်မျှော်နေတဲ့ Kings & Queens Selection တွေကိုလည်း ကြေညာဖို့ အဆင်သင့် ဖြစ်နေပါပြီ။
Performance မှာ ပါဝင်ကြမယ့် တိုင်းရင်းသားအဖွဲ့များ၊ အကအဖွဲ့များ၊ သီဆို ဖျော်ဖြေမည့်သူများကလည်း အသီးသီး ပြင်ဆင်နေလျက်ရှိပါသည်။
King & Queen Voting, Fund Fair နဲ့ Lucky draw တို့ အတွက် အသုံးပြုလို့ရမယ့် Welcome Tickets လေးတွေကိုတော့ တနင်္လာနေ့ ( ၂၁.၁.၂၀၁၉)မှာ အတန်းကိုယ်စားလှယ်များမှ တစ်ဆင့် ဖြန့်ဝေသွားမှာ ဖြစ်ပါသည်။
ကျောင်းသား/သူတွေရဲ့ Talent တင်ဆက်မှုများ နဲ့ ပျော်စရာ အစီအစဉ်တွေပါဝင်တဲ့ Fresher Welcome ကို ၂၅.၁.၂၀၁၉ ( သောကြာနေ့ ) မနက် ၉ နာရီ မှ ညနေ ၄ နာရီထိ ကျင်းပသွားမည် ဖြစ်ပါသည်။
ကျောင်းသား/သူများ အားလုံး အတူလာရောက် ဆင်နွဲဖို့ ဖိတ်ခေါ်အပ်ပါသည်...

Copyright © 2017 by University of Technology (Yatanarpon Cyber City)