တက္ကသိုလ် နွေဦးဖလား ဖွင့်ပွဲ အခမ်းအနား

နည်းပညာတက္ကသိုလ် ( ရတနာပုံ ဆိုင်ဘာစီးတီး ) ကျောင်းသားများသမဂ္ဂမှ ဦးစီးကျင်းပသည့် တက္ကသိုလ်နွေဦးဖလား ဖွင့်ပွဲ အခမ်းအနားကို ၁၁.၂.၂၀၁၉ ရက်နေ့ ညနေ ၄း၀၀နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်. . .

အခမ်းအနားတွင် အားကစားသမားများမှ ကွင်းအတွင်းနေရာယူကာ သစ္စာအဓိဋ္ဌာန်ကို ရွတ်ဆို၍ ယခင်နှစ်က ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကစားခဲ့သော မောင်ထက်လင်းသန့်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ခေတ္တငြိမ်သက်ခဲ့ကြပါတယ်...

ဆက်လက်ပြီး ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး Cheerleaderများမှ အားပေးဖျော်ဖြေခဲ့ကြပါတယ်. . .

အဖွင့်ပွဲစဉ်အဖြစ် ဆရာများ၊ လက်ရွေးစင်ကျောင်းသားဟောင်းများနှင့် တက်ရောက်ဆဲ ကျောင်းသားများမှ ချစ်ကြည်ရေးပွဲစဉ် ကစားခဲ့ကြပြီး
ဆရာများနှင့် လက်ရွေးစင်ကျောင်းသားဟောင်းများအသင်းမှ
ဒေါက်တာညီညီ ၁ဂိုး
ထက်အာကာ ၄ဂိုး

တက်ရောက်ဆဲ ကျောင်းသားများ အသင်းမှ
စိုးမိုးသန့် ၁ဂိုး
ဖြိုးဝေအောင် ၁ဂိုး
နိုင်အောင်ကျော် ၁ဂိုး
ကိုထက် ၁ဂိုး ရလဒ်များ ရရှိခဲ့ကြပါတယ်. . .

Copyright © 2017 by University of Technology (Yatanarpon Cyber City)