ရေဘေးသင့်ပြည်သူများအား ကူညီရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အားဖြည့်ပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်


. ဩဂုတ်လ ၁၁၊ ၁၂ ၊ ၁၃၊ ၁၄ ရက်များတွင် UT-YCC Mon Family မှ ဦးဆောင်၍ ပြင်ဦးလွင်၊ သုံးထောင်၊ ပြင်စာနှင့် မိခင် တက္ကသိုလ်တို့တွင် ရေဘေးသင့် ပြည်သူများအား ကူညီရန်အလှူငွေများကောက်ခံခဲ့ရာ

အဖြူရောင်တွဲလက်များ......................... -120000
ကိုမြင့်မိုးကျော်နှင့်သူငယ်ချင်းများ............. -135000
ရွှေပါရမီဖောင်ဒေးရှင်း( UTYCC)............. -100000
သီဟဗလမိသားစု.................................. -200000
ချို(ကုန်စုံ)........................................... -100000
ကျောင်းသား/သူ၊ ဆရာ/မ များ၊
ကျောင်းသား/သူဟောင်းများနှင့်ကန်တင်းမှ -1930000
လှူဒါန်းငွေ
Shan Family .....................................-70000
ပြင်ဦးလွင်မြို့ပေါ်မှကောက်ခံရရှိငွေ........... -1400000
သုံးတောင်နှင့်ပြင်စာမှကောက်ခံရရှိငွေ........ -700000
Android Application Development..... -200000
and PHP Laravel Framework Training
(Mentors, volunteers and students)
Unplugged show အလှူခံရရှိငွေ............. -545000

စုစုပေါင်း လှူဒါန်းငွေ ၅၅သိန်း တိတိ ကောက်ခံရရှိခဲ့ပါသည်။

ကောက်ခံရရှိထားသော အလှူငွေများအား အကျိုးရှိစွာ အသုံးပြုနိုင်ရန် ကျောင်းသားများသမဂ္ဂနှင့် Mon Family တို့ တိုင်ပင်၍ ကဏ္ဍနှစ်ခု တွင် အသုံးပြုရန် ဆုံးဖြတ်ခဲ့ပါသည်။

● လက်ရှိ ရေဘေးသင့်ပြည်သူများအား ကိုယ်တိုင်သွားရောက် ကူညီရန် အခက်ခဲတချို့ ရှိသောကြောင့် မြေပြင်တွင် ကူညီဆောင်ရွက်နေသော နယ်မြေခံ ကျောင်းသားများသမဂ္ဂများထံ ချိတ်ဆက်၍ သိန်း ၂၀အား လှူဒါန်းရန်

● ကျန်ရှိ အလှူငွေများအား ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်တွင် မိသားစုများ လိုအပ်မည့် အခြေခံ ဆေးဝါး၊ အသုံးအဆောင်၊ အိုးခွက်၊ ပန်ကန်များ လှူဒါန်းရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ အခြေအနေပေးပါက ကျောင်းသားများသမဂ္ဂ၊ တက္ကသိုလ်ကြက်ခြေနီတပ်ခွဲနှင့် Mon Family တို့ ကိုယ်တိုင်သွားရောက်လှူဒါန်းနိုင်ရန် စီစဉ်သွားမည်။

မန္တလေးအခြေစိုက်ကျောင်းသားများသမဂ္ဂများနှင့်လည်း ရေဘေးအား ကူညီဆောင်ရွက်နိုင်ရန် တိုင်ပင်လျက်ရှိပါသည်။

ကျောင်းသား/သူများ၊ ဆရာ/ဆရာမများအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွင်လိုအပ်သော ဆေးဝါး၊ အဝတ်အထည်နှင့် အခြား ပစ္စည်းများအား တက္ကသိုလ် ကြက်ခြေနီတပ်ခွဲ၏ ရုံးခန်း ( Lecture Building 3 ) တွင် ၁၆.၈.၂၀၁၉မှစ၍ လာရောက်လှူဒါန်းနိုင်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြင်ဦးလွင်မြို့အား အလှူခံထွက်ရှိသည့်ရက်တွင် ကျောင်းသား/သူများအား နေ့လည်စာလှူဒါန်းပေးပါသော Suntop စားသောက်ဆိုင်မှ ဦးတိုးအား အထူးပင်ကျေးဇူးတင်ရှိပါသည်။

နိုင်သည်အားဖြင့် ကူညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်လျက်... . . .

Photo crd.