ရေဘေးသင့် ပြည်သူများအား ထောက်ပံ့နိုင်ရေး

ယနေ့မနက်ပိုင်းတွင် မွန်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေး အတွက် ပြင်ဦးလွင်မြို့တွင် Mon Family မှ ဦးဆောင်၍ ကျောင်းသား/သူများသည် မြို့မဈေးကြီးမှ Ruby mart အထိ အလှူငွေများ လိုက်လံ ကောက်ခံခဲ့ပါသည်။ ရရှိလာသော အလှူငွေများအား ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးချသွားရန်လည်း စီစဉ်ဆောင်ရွက်နေကြောင်းသိရှိရသည်။ ပါဝင်လှူဒါန်းပေးကြပါသော မြို့နေပြည်သူများနှင့် ခရီးသွားပြည်သူများအားလည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။

မနက်ဖြန်မနက်ပိုင်းတွင်လည်း တက္ကသိုလ်တွင်းရှိ စာသင်ဆောင်များတွင် လိုက်လံ၍ အလှူငွေကောက်ခံမည်ဟု သိရသည်။ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်အားသရွေ့ပါဝင် ကူညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။