ဆေးလိပ်မီးခိုးငွေ့ ကင်းစင်သော တက္ကသိုလ်အဖြစ် ဆောင်ရွက်မည်

နည်းပညာတက္ကသိုလ် ( ရတနာပုံ ဆိုင်ဘာစီးတီး )နှင့် ပြင်ဦးလွင် ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းကာ နည်းပညာတက္ကသိုလ် ( ရတနာပုံ ဆိုင်ဘာစီးတီး )အား ဆေးလိပ်မီးခိုးကင်းစင်သော တက္ကသိုလ်အဖြစ် အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ဆေးလိပ်မီးခိုးငွေ့ ကင်းစင်သော တက္ကသိုလ် ဖြစ်ရန်အတွက် အသိပညာပေး ပိုစတာများ စိုက်ထူခြင်း၊ ဆေးလိပ်သောက်ခြင်းကို တားမြစ်သည့်ပိုစတာများကပ်ခြင်း၊ Smoking Zone သတ်မှတ်ခြင်းများကို အခမ်းအနားဖြင့် (၇.၈.၂၀၁၉)ရက်နေ့ မနက် ၈း၀၀နာရီတွင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ရန် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများမှ ဟောခန်းမတွင်းသို့ မနက် ရး၄၅နာရီတွင် ဝင်ရောက်နေရာယူထားပေးကြပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

တက္ကသိုလ်တွင်းရှိ ကန်တင်းစာသောက်ဆိုင်များတွင်လည်း ဆေးလိပ်ရောင်းချခြင်းအား တားမြစ်သွားမည်ဖြစ်ပြီး ရောင်းချပါကအရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ မိခင် တက္ကသိုလ်အား ဆေးလိပ်မီးခိုးကင်းစင်သော တက္ကသိုလ် အဖြစ် အမှန်တကယ်ဆောင်ရွက်နိုင်ရန်မှာ ကျောင်းသား/သူများ အားလုံး ပူပေါင်း ပါဝင်ဆောင်ရွက်မှုဖြင့်သာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

Poster & Vinyl Designed by Myint Mo Htut