LMI Alumni Award ဆုအား ပါမောက္ခချုပ်မှရရှိ၊ Mekong Skills to Workတွင် ပါဝင်ဆောင်ရွက်ကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား ကျေးဇူးတင်စကားဆို

ပြီးခဲ့သည့်သီတင်းပတ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပဲယိုး ချီးမြှင့်သည့် မဲခေါင်မြစ် အောက်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၏ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ ထူးချွန်ဆု (LMI Alumni Award) ရရှိခဲ့သည့် နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) ပါမောက္ခချုပ် ဒေါက်အောင်ဝင်းအတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါသည်။ ယင်းဆုကို ပညာရေးကဏ္ဍအတွက် ဆရာကြီးဒေါက်တာအောင်ဝင်း ဆောင်ရွက်ခဲ့မှုများအတွက် ဘန်ကောက်၌ ကျင်းပသော မဲခေါင်မြစ် အောက်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ဝန်ကြီးများအဆင့် အစည်းအဝေးအတွင်း အသိအမှတ်ပြု ချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။ ဆရာကြီး ဒေါက်တာအောင်ဝင်းသည် ၎င်း၏ကျောင်းသူ၊ ကျောင်းသားများအား ဆန်းစစ်ဝေဖန်ပိုင်းခြားတွေးခေါ်မှုနှင့်ပတ်သက်၍ အားပေးခဲ့ပြီး မတူကွဲပြားသောစနစ်ဖြင့် သင်ကြားပို့ချရန် မျိုးဆက်တစ်ခုစာ ဆရာ၊ ဆရာများကို စေ့ဆော်အားပေးခဲ့သလို ယခုဆိုလျှင် သူလေ့လာ သိရှိခဲ့သည်များအား မြန်မာနိုင်ငံတစ်လွှားရှိ အခြားသောနည်းပညာတက္ကသိုလ်များကိုလည်း မျှဝေပေးလျက်ရှိပါသည်။ ၂၀၁၈ ခုနှစ်အတွင်းကလည်း ရတနာပုံဆိုင်ဘာစီးတီးမှ ကျောင်းသူ၊ ကျောင်းသား အဖွဲ့တစ်ဖွဲ့သည် ၎င်းတို့တီထွင်သော ခြေနင်းမီးလင်းစက်ဖြင့် နိုင်ငံတကာဆန်းသစ်ခြင်းစိန်ခေါ်မှု၊ ကမ္ဘာကြီးအတွက်တီထွင်ခြင်း (Invent for the Planet) ပြိုင်ပွဲ၌ ဒုတိယဆုရရှိခဲ့ကြပါသည်။ ထို့နောက် တက္ကဆက်တွင်ကျင်းပသော တစ်ကမ္ဘာလုံးဆိုင်ရာပြိုင်ပွဲတွင်ထပ်မံ၍ ပထမဆု ရရှိခဲ့ကြသည်။

" Cyber City က Lower Mekong Initiative LMI COMET Project ကို ၂၀၁၆ ခုနှစ်မှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်...ပရောဂျက်ရည်ရွယ်ချက်က Graduate Skills ကို Industrial Requirement နဲ့အနီစပ်ဆုံးကိုက်ညီအောင် သင်ကြားမှုစနစ်ကို Learner Centered သွားနိုင်အောင် Project Based Learning ကို target ထားပြီး သင်ကြားမှုပုံစံပြောင်းပါတယ်...Project မှာ မဲခေါင်အောက်ပိုင်း ၅ နိုင်ငံက တက္ကသိုလ်ပေါင်း ၁၁ ခုပါဝင်ပါတယ်...ကနဦးအဖွဲ့ဝင်တွေပါ...ဒီတက္ကသိုလ်က ဆရာ ဆရာမ ၈ ဦးစီကို သင်ကြားနည်းစနစ်တွေကို အရင်သင်တန်းပေးပါတယ် ပြီးရင် အွန်လိုင်းကနေ အဆင့် ၃ ဆင့် ဆက်လေ့လာရပါတယ်...ဆိုင်ဘာစီးတီအဖွဲ့ဟာ ပရောဂျက်ကာလအတွင်း ပြည်တွင်း တက္ကသိုလ် ၂၂ ခု ပြည်ပ ဗီယက်နမ် ထိုင်း နိုင်ငံတို့ကိုပါ Coaching သွားလုပ်ပေးရတယ်...ဒါကလည်း လုပ်ဆောင်ချက်ကောင်းမွန်ပြီး ရလဒ်တွေကောင်းလို့သာ ဒီလိုမျှဝေခွင့်ရတာဖြစ်ပါတယ်...အခုလို အမေရိကန်အစိုးရက အသိအမှတ်ပြု ဆုချီးမြှင့်တာလည်း Adminstrator တစ်ဦးအနေနဲ့ မိမိအဖွဲ့နဲ့တစ်သားတည်းဆောင်ရွက်နိုင်တာကြောင့် မဲခေါင်တက္ကသိုလ်တွေကြားမှာ Evidence အကောင်းဆုံးပေးနိုင်ခဲ့ပါတယ်...ဆက်လက်ပီးလည်း သင်ကြားမှုနည်းစနစ်တွေကို ဖြန့်ဝေနိုင်ဖို့ ဆွေးနွေးတင်ပြဆောင်ရွက်ပေးပါမယ်...ကြိုးစားမှုကို အသိအမှတ်ပြုတာ ကျေးဇူးပါ... Mekong Skills to Work မှာပါဝင်ဆောင်ရွက်ကြတဲ့ ဒေါက်တာရီနူး ၊ ဒေါက်တာနှင်းအေးသန့် ၊ဒေါက်တာထင်ကျော်ဦး ၊ ဒေါက်တာဖြူတာ ၊ဒေါက်တာချိုသက်ပိုင် ၊ဦးသက်ဇော်အေး ၊ဒေါက်တာနောနော် ၊မောင်ခွန်နိုင်ပြည့်ထွန်း တို့ကိုကျေးဇူးအထူးတင်ပါတယ် " ဟု ပါမောက္ခချုပ်မှ ပြောကြားခဲ့သည်။