ဆေးလိပ်မီးခိုးငွေ့ ကင်းစင်သော ပတ်ဝန်းကျင်ဖြစ်စေရေး အရှိန်အဟုန်မြင့်အခမ်းအနား

၇.၈.၂၀၁၉ ရက်နေ့ မနက် ၈းဝဝ နာရီတွင် နည်းပညာတက္ကသိုလ် ( ရတနာပုံ ဆိုင်ဘာစီးတီး )နှင့် ပြင်ဦးလွင် ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းကာ နည်းပညာတက္ကသိုလ် ( ရတနာပုံ ဆိုင်ဘာစီးတီး )အား ဆေးလိပ်မီးခိုးကင်းစင်သော တက္ကသိုလ်အဖြစ် အကောင်အထည်ဖော်ရန် ဆောင်ရွက်သည့် လုပ်ငန်းစဉ်များမှ တစ်ခုအနေဖြင့် ဆေးလိပ်မီးခိုးငွေ့ ကင်းစင်သော တက္ကသိုလ် ဖြစ်ရန်အတွက် အသိပညာပေး ပိုစတာများ စိုက်ထူခြင်း၊ ဆေးလိပ်သောက်ခြင်းကို တားမြစ်သည့်ပိုစတာများကပ်ခြင်း၊ Smoking Zone သတ်မှတ်ခြင်းများကို အခမ်းအနားဖြင့် ဆောင်ရွက်ခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး ပါမောက္ခချုပ်မှ တက္ကသိုလ်အား ဆေးလိပ်ငွေ့ကင်းစင်သော တက္ကသိုလ် ဆောင်ရွက်ရခြင်းရည်ရွယ်ချက်နှင့် ပြင်ဦးလွင်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ သန်းဝင်းမှ ပြင်ဦးလွင်မြို့အား ဆေးလိပ်မီးခိုးငွေ့ ကင်စင်ရေး အသိပညာပေး လှုပ်ရှားနေမှုများအကြောင်း အသီးသီး ပြောကြားခဲ့သည်။

တက္ကသိုလ်ရှိ ကန်တင်းများတွင် ဆေးလိပ်ရောင်းချခွင့်အား ပိတ်ပင်သွားပြီး ၇.၈.၂၀၁၉မှ စတင်၍ ဆေးလိပ်သောက်သုံးရန် သီးသန့်နေရာ Smoking Zone အား သတ်မှတ်သွားမည်ဖြစ်သည်။ လက်ရှိတွင် Main Building အနောက်ဘက်တွင် တစ်နေရာ သတ်မှတ်ထားပြီး ကန်တင်း၊ စာသင်ဆောင်၊ Lab ဆောင်များတွင်လည်း တစ်နေရာစီနှင့် စုစုပေါင်း ( ၃ )နေရာခန့် သတ်မှတ်ထားရှိသွားမည်ဟု သိရသည်။

Copyright © 2017 by University of Technology (Yatanarpon Cyber City)