အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ(Covid-19)၏ လက်ရှိ အခြေအနေ အနေအထားများကြောင့် လက်တလော ဖြေဆိုလျက်ရှိသော ပထမနှစ်ဝက်စာမေးပွဲအား မည်သို့မည်ပုံဆောင်ရွက်မည်ကို တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ထံသို့ ဆက်သွယ်မေးမြန်းခဲ့ပါသည်။
တက္ကသိုလ်ကျောင်းဝင်းအတွင်းသို့ဝင်၍ တွေဆုံ့ညှိနှိုင်းခွင့်မရသော်လည်း တက္ကသိုလ်အဝင်တံခါးမှစောင့်ဆိုင်းနေစဥ် ဒုပါမောက္ခချုပ်နှင့် ဖုန်းအဆက်သွယ်ရရှိခဲ့ရာ ယခုချိန်တွင် ဆုံးဖြတ်ရန်မလွယ်ကူကြောင်း၊ မနက်အစောတွင် တက္ကသိုလ်ပညာရေးအဖွဲ့ အရေးပေါ်စည်းဝေးခေါ်ယူ၍ ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း၊ ကျောင်းသား/သူများ နေရပ်သို့ပြန်ရန်အတွက် လိုအပ်သောအကူညီများပေးနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြောင်းပြန်လာပါသည်။
ယခုညှိနှိုင်းဆဲကာလတွင် နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ် အချို့တွင် ၂၄.၃. ၂၀၂၀ရက်မှစ၍ စာမေးပွဲဖြေဆိုမှုအား ယာယီရပ်ဆိုင်ကြောင်း အသီးသီးထုတ်ပြန်ကြေညာလျက်ရှိသည်ကိုတွေ့ရပါသည်။
အ.ဆ.ည ညွန်ချုပ်မှလည်း စာမေးပွဲဖြေဆိုမှုမတိုင်မီ ထုတ်ပြန်ပေးမည်ဟု ပြောဆိုကြောင်း သိရှိရပါသည်။
သို့ဖြစ်ပါ၍ ကျောင်းသား/သူများ သတင်းအချက်အလက်များကို အချိန်မှီစောလျင်စွာ သိရှိနိုင်ရန် ဆက်လက်တိုက်တွန်းတောင်းဆိုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
တိကျသောဆုံးဖြတ်ချက်အား ချက်ချင်းထုတ်ပြန်ရန် မစွမ်းဆောင်နိုင်ခဲ့သည်အပေါ် ကျောင်းသား/သူများအား အနူးညွှတ်တောင်းပန်အပ်ပါသည်။ တတ်အားသမျှ ထပ်မံကြိုးစားဆောင်ရွက်သွားပါမည်။
ပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေးကော်မတီ
နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) ကျောင်းသားများသမဂ္ဂ
Copyright © 2017 by University of Technology (Yatanarpon Cyber City)