E-learning အတွက် ဆွေးနွေးခြင်း

နည်း​ပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး)၏ ပါမောက္ခချုပ် နှင့် e-learning working group တို့သည် 19.5.2020 ရက်နေ့တွင် online meeting ပြုလုပ်ခဲ့ကြပါသည်။
အစည်းအဝေးတွင်
ဒုတိယနှစ်ဝက် သင်ကြားမည့် course များပြင်ဆင်ရေး။
တက္ကသိုလ် domain သုံး၍ AWS ကနေ Moodle LMS
နှင့် သင်ကြားနိုင်ရေး။
ဒုတိယ နှစ်ဝက်အတွက် online ဘာသာရပ်များ
ပြင်ဆင်ရာတွင် ဘာသာရပ်အလိုက် Content Template
များပြင်ဆင်ရေး။
တက္ကသိုလ် တွင်းနှင့် အခြား တက္ကသိုလ် များသို့ online
content ဖန်တီးခြင်း သင်တန်းကို online မှ အမြန်ပို့ချနိုင်
ရေး။
အဆိုပါ အပိုင်းတွင် တာဝန်ယူထားကြသူများကို အပြောင်း
အရွေ့ မလုပ်ရန်အတွက် ဦးစီးဌာနသို့ တင်ပြရေး။
စသည့် အချက်များကို ဆွေးနွေးခဲ့ကြပါသည်။

ထပ်မံ၍ ပါမောက္ခချုပ်မှ ဆရာဆရာမ များအား အထက်ပါအကြောင်းအရာ များနှင့်ပတ်သက်၍ စတင်ပြင်ဆင်နိုင်ရန် ညွှန်ကြားထားပါသည်။
ဆရာဆရာမများမှ ကျောင်းသားကျောင်သူများအား အတန်းလိုက် gp များဖွဲ့စေပြီး Zoom အသုံးပြုနည်းများကို စတင်၍ knowledge sharing ပြုလုပ်နေကြပြီး ဖြစ်ပါသည်။
edu mail များကိုလဲ ကျောင်းသားကျောင်းသူ များအားလုံး အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနမှူးများ မှ ဦးဆောင်၍ စာရင်းများ စတင် ကောက်ယူပါသည်။

Copyright © 2017 by University of Technology (Yatanarpon Cyber City)