Canteen Update News!

တက္ကသိုလ်အတွင်း လုပ်ဆောင်နေသော ဆောက်လုပ်ရေးလုပ်ငန်းများကို ယနေ့ 8.6.2020 ရက်နေ့ တွင် ပါမောက္ခချုပ် ၊ ဌာနမှူးများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ အောက်ပါအခြေအနေ များကို သိရှိခဲ့ရပါသည်။

Canteen အခြေအနေ

လက်ရှိ Design အနေအထားသည် ကျောင်းသား/သူ များနှင့် ရောင်းချမည့် ဆိုင်ခန်းရှင်များအတွက် အမှန်တကယ် အဆင်ပြေမှုမရှိကြောင်း။
Canteen အနေအထားတွင် အခန်းဖွဲ့စည်းမှုပုံစံ အဆင်မပြေကြောင်း။
လေဝင်လေထွက်ပေါက်များ ထားရှိမှု အဆင်မပြေကြောင်း။
မျက်နှာစာတည်ဆောက်မည့်ပုံစံသည် ခေတ်နဲ့ လျော်ညီမှုမရှိပဲ တက္ကသိုလ်အတွင်းရှိ အခြားအဆောက်အဦး များနှင့် သွေဖယ်နေသည်ဟု ကျောင်းသား/သူ တို့၏ ဝေဖန်အကြံပြုချက် များစွာ ရှိနေကြောင်း။
ဆောက်လုပ်ရေး Company အနေ​ဖြင့် လက်ရှိဆောင်ရွက် ပြီးစီးသော လုပ်ငန်းစဥ်အား အ​ခြေပြု၍ ကောင်းမွန်အဆင်ပြေသော Design တစ်ခု ပြန်လည်ပြုပြင်ရေးဆွဲပေးရန် သဘောတူထားသဖြင့် ကျောင်းသားထုအား အမြန်ဆုံးပြန်လည်တင်ပြနိုင်ရန်အတွက် ဆောက်လုပ်ရေး Company အနေဖြင့် Design အသစ် ပြုပြင်ရေးဆွဲမှုကို အမြန်ဆုံး ဆောက်ရွက်ပေးပါရန် Companyနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။

လက်ရှိ ဆောက်လုပ်နေသော ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ဘတ်ဂျက်အနေဖြင့်
အားကစားခန်းမ - 346 သန်း
Canteen - 259.2 သန်း
ကျောင်းတွင်းအမျိုးသားဆောင် - 500.99 သန်း
အသီးသီးရှိကြပါသည်။

ယောင်္ကျားလေးဆောင်ဆောက်လုပ်မှုမှာ ယခုနှစ်ဘတ်ဂျက်မှ လက်ရှိဖြစ်ပွားလျက်ရှိသော Covid-19 ကူးစက်ရောဂါအတွက်၂၅ရာခိုင်နှုန်းလျော့ချလိုက်သည်ဖြစ်သောကြောင့် ၇၅%သာဆောက်လုပ်မည်ဖြစ်ပြီး ကျန်ရှိသော ၂၅%အား နောက်တနစ်ဘဏ္ဍာရေးနှစ် (၁၀)လပိုင်းတွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

Copyright © 2017 by University of Technology (Yatanarpon Cyber City)