FYI

📣📣Hello, buddies!

Stay Home ကာလမှာ productive ဖြစ်ရဲ့လား။ ဘာ အသစ်အဆန်း​တွေ​ရော လုပ်ဖြစ်ကြလဲ။ 👀👀

​သြော်...အသစ်အဆန်းလို့​ပြောလို့ Virtual Youth Cafe Event ​လေးအ​ကြောင်း​ရောသိပြီးသွားကြပြီလား။🤔❓

Virtual Youth Cafe Event ဟာ AIESEC in Myanmar ရဲ့ ပထမဆုံး​သော Online Event ဖြစ်ပြီး "Opportunities & the Future" ဆိုတဲ့ Theme​လေးကို​အ​​​ခြေခံပြီး ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီ event ​လေးဟာဆိုရင် 21ရာစုလူငယ်​တွေရဲ့ idea ​တွေ၊ ကွဲပြားခြားနားတဲ့အမြင်​တွေကို​ဆွေး​နွေးကြပြီး မိမိအနာဂတ်အတွက် Opportunities ​တွေကိုဆုပ်ကိုင်ရာမှာ တကယ့်လက်​တွေ့ Action ယူရာမှာ အ​ထောက်အကူပြု​စေဖို့ရည်ရွယ်ပါတယ်။💁‍♀️💁‍♂️

🤔ဘယ်လိုအကြာင်းအရာ​တွေပါဝင်မှာလဲ???
✅တကယ့်အလုပ်ခွင်မှာအလုပ်လုပ်တဲ့အခါ ဘယ်လိုအရည်အချင်း​တွေ skill ​တွေလိုအပ်သလဲ
✅အဲ့ဒီ့ Skill ​တွေကို Opportunity ​တွေ Practical Learning ​တွေက​​နေတစ်ဆင့် ဘယ်လိုရယူနိုင်မလဲ
✅​အနာဂတ် လုပ်ငန်းခွင်နဲ့ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ ​အောင်မြင်ဖို့ ဒီ skill ​တွေကို ဘယ်လိုအကျိုးရှိရှိအသုံးချမလဲ...စတဲ့အ​ကြောင်းအရာ​တွေကို ​ဆွေး​နွေးသွားမှာဖြစ်ပါတယ်။

ဒီ event ​လေးဟာ online event ​ဖြစ်​ပေမယ့်လို့ သူငယ်ချင်းတို့အ​နေနဲ့ Keynote Speech, Panel Discussion, Workshop Space စတဲ့ Experience အမျိုးမျိုးကို ပါဝင်ဆင်နွှဲနိုင်မှာဖြစ်ပါတယ်။😲😲

👀Speaker ​တွေက?👀
♦️Keynote Speech ကို မအိမွန်စိုး (Better You by EMS) မှ သူမရဲ့ အ​တွေ့အကြုံ​တွေကိုအ​ခြေခံပြီး ​ဝေမျှသွားမှာဖြစ်ပါတယ်။

♦️Panel Discussion ကို​တော့
မ Lauro Cho (HR Professional)
ဆရာ ​ကောင်းမြတ်ထွဋ် (Chairman & Co-Founder of Knowledge Hub Institute)
ကို ထက်အာကာ​ကျော် (Founder @ Dinger)
မ စန္ဒီစိမ်းသိန်း (CEO & Co-Founder of Digital Kaway) တို့မှ
"Opporrunities & the Future"ဆိုတဲ့​ ခေါင်းစဥ်​အောက်မှာ မတူညီတဲ့ အမြင်​တွေကိုဖလှယ်ရင်း ဆွေး​နွေးသွားကြမှာဖြစ်ပါတယ်။

♦️Workshop Sessions ​တွေကို
"Developing a Solution-Oriented Mindset" ​ခေါင်းစဥ်ဖြင့် Ms Eileen Lui (Marcomms Consultant of City Holdings)
​"Know Yourself First" ​ခေါင်းစဥ်ဖြင့် ဒေါက်တာ ဟိန်းပိုင်ထူးချစ် (Founder of SEED for Myanmar)
"Role of Leadership in Career Development" ​ခေါင်းစဥ်ဖြင့် ​ဒေါက်တာ သူရိန်လှိုင်ဝင်း (Country Manager of Hello Sayarwon)
တို့မှ အသီးသီး Fascilitate လုပ်သွားမှာဖြစ်ပါတယ်။ Workshop Sessions ​​တွေဟာ တစ်ချိန်တည်းမှာပြုလုပ်သွားမှာဖြစ်တဲ့အတွက် မိမိကြိုက်နှစ်သက်ရာ Workshop တစ်ခုကို​ရွေးချယ်တက်​ရောက်နိုင်မှာဖြစ်ပါတယ်။

💫နယ်ပယ်အသီးသီးမှ အ​တွေ့အကြုံရှိတဲ့ speaker ​တွေပါဝင်တဲ့အတွက် မိမိအ​နေနဲ့ ဗဟုသုတ​​တွေ မတူညီတဲ့ perspective အမျိုးမျိုး​တွေ ရရှိနိုင်တာ​ကြောင့် လက်မလွှတ်သင့်တဲ့ Event တစ်ခုပဲ​နော်။ Registration အကန့်အသတ်နဲ့မို့ ဒီအခွင့်အ​ရေးကို အမိအရဆုပ်ကိုင်ပြီး အခုပဲ Register လုပ်လိုက်ရ​အောင်​လေ​နော်။💫😉

Register now and reserve your seat : https://bit.ly/VirtualYouthCafe

~ Event Details ~
Date : 21st June 2020 (Sunday)
Time : 2:00 pm to 5:00 pm
Platform : Zoom platform
Fee : Free of Charge

⚠️Event join ဖို့ link ကို​တော့ register ပြီးရင် email က​နေပို့​ပေးမှာဖြစ်ပါတယ်။ ဒါတင်မက​သေးပါဘူး စိတ်ဝင်စားဖို့​ကောင်းတဲ့ အရာ​လေးတစ်ခုလဲ Email က​နေတစ်ဆင့် ​ရောက်ရှိလာမှာဖြစ်ပါတယ်။😉 ဒါ​ကြောင့် register ပြီးရင်​တော့ Email ကို check ဖို့မ​မေ့နဲ့​နော်။ ☺☺

Copyright © 2017 by University of Technology (Yatanarpon Cyber City)