𝕄𝕖𝕞𝕠𝕣𝕚𝕒𝕝 ℚ𝕦𝕚𝕫

​သံဖြူရတု အထိမ်းအမှတ် ကျင်းပမယ့် Online Eventမှာ ​ပါဝင်တဲ့ ​နောက်ထပ် အစီအစဥ်တစ်ခုက​တော့ " 𝕄𝕖𝕞𝕠𝕣𝕚𝕒𝕝 ℚ𝕦𝕚𝕫 " ဖြစ်ပါတယ်ဗျ. . .
ပရိသတ်ကြီး အ​​ယောက်တစ်ရာရဲ့ အ​ဖြေက​တော့ ဆိုတဲ့ TV အစီအစဥ်လည်း တစ်ခုကို ကြည့်ဖူးကြားဖူးကြမယ်ထင်ပါတယ်. . ကျွန်​တော်တို့က အာ့ပုံစံ​လေးကို မှီငြမ်းထားတာပါဗျ. . . 🎬
ကျွန်​တော်တို့က​တော့ ​ကျောင်းသား/သူ အ​​ယောက်တစ်ရာရဲ့ အ​ဖြေ​ပေါ့ဗျာ. . .😉😉
​မေးမယ့် ​မေးခွန်း​လေး​တွေက​တော့ ဥပမာ. . . ကန်တင်းက အစားအစာ ဆိုရင် ဘာလဲ​ပေါ့ . . . ထမင်း​ပေါင်း... လက်ဖက်ထမင်း. . ​ယံယံ. .😁 အာ့လို​ဖြေတာနဲ့. . ​ကျောင်းသား/သူ အ​​ယောက်တစ်ရာ​ဖြေထားတာနဲ့ ဘယ်​လောက်ကိုက်ညီမှုရှိလဲ​ပေါ်မူတည်ပြီး အမှတ်​တွေရသွားမယ်. . . ​
မေးခွန်း​တွေက​​တော့ တခြား​တွေ​​​ရောပါပါတယ်.. ​တက္ကသိုလ်တွင်းက ​နေရာ​တွေ. . . ​ကျောင်း​ဆောင်​တွေ. . အဖြစ်အပျက်​တွေ .ပွဲ​လမ်းသဘင်​တွေ. . . အားကစားနဲ့ဆိုင်တာ​တွေ .. ဘာသာရပ်နဲ့ဆိုင်​တာ​တွေနဲ့မို့. . . ဗဟုသုတလည်းရ ​ပျော်စရာလည်း​ကောင်းမှာ အမှန်ပါပဲဗျ. . . ☺😍
အနိုင်ရတဲ့ ပြိုင်ပွဲဝင်​တွေကို တက္ကသိုလ် (၁၀)နှစ်ပြည့် အမှတ်တရ လက်​ဆောင်​လေးများ ​ပေးသွားမှာပါခင်ဗျ. . . 🥳🥳
ပါဝင်ယှဥ်ပြိုင်လိုသူ​တွေက သူငယ်ချင်းဖြစ်​စေ အကိုအမ​တွေနဲ့ ဖြစ်​စေ ညီညီမ​တွေနဲ့ဖြစ်​စေ (၃)ဦးအဖွဲ့​လေးဖွဲ့ပြီး ​အောက်ပါ Link
စာရင်း​ပေးနိုင်ပါတယ်ဗျ. . .
Online ကလည်းဖြစ် အချိန်ကလည်း အကန့်အသတ်နဲ့မို့ အသင်းအ​ရေအတွက်ကိုလည်း ကန့်သတ်ထားပါတယ်ဗျ. . . ​ဒါ​ကြောင့်မို့ ​ကျောင်းသား​ဟောင်း ​ကျောင်းသားသစ် တက်​ရောက်ဆဲ အားလုံးက ပါဝင်ဖို့ မြန်မြန် စာရင်း​ပေးကြပါဗျ. . .
​အော်.... စာရင်းပိတ်ရက်က​တော့ ဗုဒ္ဓဟူး​နေ့(၁၄.၁၀.၂၀၂၀) ည၁၂း၀၀နာရီမှာ ဖြစ်ပါတယ်ဗျ.....
ပြိုင်ပွဲနှင့်ပက်သက်၍ သိလိုတာကိုလည်း Form ထဲမှာ ဖြည့်ရင်း တစ်ခါတည်း ​မေးလို့ရပါတယ်​နော်...
ကဲ. . .
​ကျောင်းသား/သူ အ​​ယောက်တစ်ရာရဲ့ အ​ဖြေက​တော့. . .

 

Latest News

UTYCC မှ မောင်ရွှေပြည်စိုး၊ မောင်ပြည့်စုံသွင်၊ မောင်ရဲလင်းထက်တို့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အွန်လိုင်း ဒီဂျစ်တယ် ဒီဇိုင်းပြိုင်ပွဲ APPathon ရဲ့ပထမဆုဆွတ်ခူးရရှိခြင်း
Ben-Gurion University of the Negev from Israel (BGU), UTYCC and UCSY Universities meeting
နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး)နောက်ဆုံးနှစ်ကျောင်းသား ကျောင်းသူများ KBZ မှ internshipခေါ် ယူခြင်း
နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) တွင် တည်ထားကိုးကွယ်မည့် ဘုရားဉာဏ်တော်အမြင့် ၁၈ ပေစေတီတော်မြေနေရာသတ်မှတ်ခြင်း

Copyright © 2017 by University of Technology (Yatanarpon Cyber City)