UTYCC မှ မောင်ရွှေပြည်စိုး၊ မောင်ပြည့်စုံသွင်၊ မောင်ရဲလင်းထက်တို့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အွန်လိုင်း ဒီဂျစ်တယ် ဒီဇိုင်းပြိုင်ပွဲ APPathon ရဲ့ပထမဆုဆွတ်ခူးရရှိခြင်း

မြန်မာနိုင်ငံရဲ့ ပထမဆုံး အွန်လိုင်း ဒီဂျစ်တယ် ဒီဇိုင်းပြိုင်ပွဲ APPathon ရဲ့ ဒုတိယအဆင့်မှာ ဆက်လက်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်သင်းပေါင်း ၂၇ သင်းထဲက ရွေးချယ်ခဲ့တာဖြစ်ပြီး ဒုတိယအဆင့်မှာ Pitch Video နဲ့ Presentation၊ My Ooredoo app ရဲ့ Prototype နဲ့ User flow diagram တို့ကို ပြိုင်ပွဲဝင်တွေက ပေးပို့တင်သွင်းခဲ့ကြရတယ်။ အူရီဒူးမှ တာဝန်ရှိသူများနှင့် ဒိုင်လူကြီးတွေက အကောင်းဆုံးတွေထဲက အကောင်းဆုံးဖြစ်တဲ့ ပြိုင်ပွဲဝင်အသင်းများကိုရွေးချယ်ခဲ့ကြပါတယ်။

ဒိုင်လူကြီးတွေရွေးချယ်လိုက်တဲ့ အလန်းစား Design တွေနဲ့ ဆုတွေကို ဆွတ်ခူးသွားသူတွေကတော့ . . .

- ပထမဆု – Hexa Tech (USD 3,000) UTYCC မှ မောင်ရွှေပြည်စိုး၊ မောင်ပြည့်စုံသွင်၊ မောင်ရဲလင်းထက်

- ဒုတိယဆု – Renovation for Lifestyle (USD 2,000)

- တတိယဆု – NXT (USD 1,000)

- စတုတ္ထဆု – Presto နှင့်

- ပဉ္စမဆု – Duo Design Lab တို့ပဲဖြစ်ပါတယ်

ဒီပြိုင်ပွဲမှာ အနိုင်ရရှိသွားသော UTYCC, IST ဌာန မှ နှောက်ဆုံးနှစ်ကျောင်းသားများ မောင်ရွှေပြည်စိုး၊ မောင်ပြည့်စုံသွင်၊ မောင်ရဲလင်းထက်အား နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) မှ

အထူးဂုဏ်ယူ ဝမ်းမြောက်ပါတယ်။ အောင်မြင်မှုများ ဆက်လက်ရရှိနိုင်ပါစေ။  

Copyright © 2017 by University of Technology (Yatanarpon Cyber City)